Ingredients
မြေပဲလှော် - ၁၀ ကျပ်သား
ကြက်သွန်နီ - ၂ ဥ
ကြက်သွန်ဖြူ - ၁၅ မွှာ
ငရုပ်သီးအစိမ်းမှုန့် - အနည်းငယ်
မျှင်ငါးပိ - ကွမ်းသီးလုံးခန့်
ဆား၊ သကြား - အနည်းငယ်
ဆီ - ၅ ကျပ်သား
ငရုပ်သီးစိမ်း - ၁၅ တောင့်
နံနံပင် - အနည်းငယ်
Directions
ကြက်သွန်နီ - ၂ ဥ
ကြက်သွန်ဖြူ - ၁၅ မွှာ
ငရုပ်သီးအစိမ်းမှုန့် - အနည်းငယ်
မျှင်ငါးပိ - ကွမ်းသီးလုံးခန့်
ဆား၊ သကြား - အနည်းငယ်
ဆီ - ၅ ကျပ်သား
ငရုပ်သီးစိမ်း - ၁၅ တောင့်
နံနံပင် - အနည်းငယ်
၁။ မြေပဲလှော်ကို မညက်တညက်ထောင်းပါ။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကိုလည်း မညက်တညက်ထောင်းထားပါ။ မျှင်ငါးပိကို ရေအနည်းနှင့်ဖျော်ပါ။ ငရုပ်သီးစိမ်းကိုထက်ခြမ်းခြမ်းထားပါ။
၂။ ဆီပူအိုးထဲတွင် ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ဆီသတ်ပါ။ ကြက်သွန်များ ရွှေဝါရောင်သန်းလာလျှင် ငရုပ်သီးအစိမ်းမှုန့် ထည့်မွှေပါ။ ငရုပ်သီးအစိမ်းနံ့ပျောက်လျှင် မျှင်ငါးပိ၊ မြေပဲ၊ ဆား၊ သကြား အားလုံးထည့်ပြီး သမအောင်မွှေပေးပါ။ ထို့နောက် ရေအနည်းငယ် ထည့်ပြီးအဖုံး ခေတ္တအုပ်ထားပါ။ ငါးပိချက်ဆီပြန်လာလျှင် အရသာမြည်း၍လိုသလိုပြုပြင်ပြီးနောက် ငရုပ်သီးစိမ်းနှင့် နံနံပင်အုပ်ကာ တည်ခင်းနိုင်ပါပြီ။