Ingredients
ကြက်တောင်ပံ - ၆ ခု (၆၀၀ ဂရမ်)
ကြက်ကြော်အုပ်ဂျုံမှုန့် - ၆၀ ဂရမ်
ဆီ - လိုသလောက်
ပုဇွန်အနှစ် (ready made) - စားပွဲတင်ဇွန်း ၁ ဇွန်း နှင့် တ၀က်
ပဲငံပြာရည် - စားပွဲတင်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
Directions

ကြက်တောင်ပံများကို ဆားနှင့်ပွတ်ပြီးရေဆေးကာ အခြောက်ခံပါ။
စိမ်ရေအတွက် ပုဇွန်အနှစ်၊ ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့ကိုရောပါ။
အခြောက်ခံထားသော ကြက်တောင်ပံများကို စိမ်ရေထည့်ပြီးနှံ့အောင်မွှေ၍ ရေခဲသေတ္တာထဲ၌ နာရီဝက်ခန့်ထားပါ။ ထို့နောက် ကြက်ကြော်အုပ်ဂျုံမှုန့်ဖြင့်လူးပါ။
အိုးတစ်အိုးတွင် ဆီတ၀က်ခန့်ထည့်ပြီး အပူပေးပါ။ မီးအေးအေးဖြင့် ၃မိနစ်ခန့် ကြက်တောင်ပံများကိုကြော်ပါ။ ထို့နောက် မီးအသင့်အတင့်မြှင့်၍ ၂မိနစ်ခန့် ဆက်ကြော်ပါ။ မျက်နှာပြင် ရွှေညိုရောင်သန်းလာလျှင် ဆယ်ယူ ၍ဆီစစ်ကာ သုံးဆောင်နိုင်ပါသည်။