Ingredients
ရခိုင်ငှက်ပျောသီး - ၁၀ လုံး
အုန်းသီးအသေး - ၁ လုံး
သကြား - ၂၅ ကျပ်သား
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Directions
အုန်းသီးကို ခြစ်ပြီး အုန်းနို့ညှစ်ယူပါ။

ငှက်ပျောသီးကို ဓားဖြင့်နှစ်ခြမ်းစီခွဲထားပါ။

ငှက်ပျောသီး၊ အုန်းနို့၊ သကြား နှင့် ဆားတို့ကို ရောထည့်ပြီး မီးဖိုပေါ်တွင်တည်ပါ။ အဖုံးဖုံးထားပါ။ ဆူလာလျှင် အဖုံးကိုဖွင့်၍ ဆက်တည်ပါ။ အဆီပြန်လာလျှင်ချပြီး သုံးဆောင်နိုင်ပါသည်။

အုန်းသီးကိုဖြူး၍ သုံးဆောင်လိုပါက အုန်းနို့ညှစ်စဉ်က အုန်းသီး ၃ပုံ၁ပုံခန့်ကိုဖယ်ထားပါ။ မုန့်ကျက်သောအခါ အုန်းသီးဖြူး၍သုံးဆောင်ပါ။

Comments