Ingredients
ကညွတ် - ၂ စည်း
ဝက်သား - ၁၀ ကျပ်သား
ဆီ - အနည်းငယ်
ပဲငံပြာရည် - အနည်းငယ်
ကြက်သွန်နီ - ၁ ဥ
Directions
ကညွတ်ကို ဓါးပြားရိုက်၍ အရွယ်တော်ဖြတ်ပြီး ဆားနှင့်နယ်၍ဆေးပါ။ ၀က်သားကို ပါးပါးလှီးထားပါ။ ကြက်သွန်နီ ပါးပါးလှီးထားပါ။

ဆီအိုးတည်၍ ဦးစွာ ၀က်သားကြော်ပါ။ ရေအနည်းငယ်ထည့်ကြော်ပါ။ ၀က်သားနူး၍ ရေခမ်းလျှင် ကြက်သွန်နီထည့်ပါ။ ထို့နောက် ကညွတ်များထည့်ကြော်ပါ။ ပဲငံပြာရည်ထည့်ပါ။ ရေအနည်းငယ်ထည့်၍ အဖုံးအုပ်ကာ ကညွတ်နူးသည်အထိတည်ပါ။

Comments