Ingredients
ခရမ်းချဉ်သီးမှည့် - ၂ လုံး
ကြက်သွန်နီ (ပါးပါးလှီး) - ၁ လုံး
ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း)- ၁ မွှာ
ပုဇွန်အနှစ် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း နှင့် တ၀က်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ဆီ - စားပွဲတင်ဇွန်း ၁ ဇွန်း
အုန်းနို့အမှုန့် - စားပွဲတင်ဇွန်း ၂ ဇွန်း
ငရုတ်သီးအရောင်တင်မှုန့် - ၁ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း တ၀က်
သကြား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
Directions
ခရမ်းချဉ်သီးကို ရေပွက်ပွက်ဆူတွင် ၁ မိနစ်ခန့်ထည့်ပြုတ်ပါ။ ထို့နောက်ဆယ်ယူပြီး ဓားဖြင့် အပေါ်ယံအခွံကိုခွာကာ လေးစိတ်စီ စိတ်ပါ။ ဒယ်အိုးထဲတွင် ဆီကိုအပူပေးပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကိုမီးအနေတော်ဖြင့်ကြော်ပါ။ ထို့နောက် ပုဇွန်အနှစ်နှင့် နနွင်းမှုန့်ထည့်ကြော်ပါ။ ခရမ်းချဉ်သီးနှင့်တကွ အုန်းနို့အမှုန့်၊ အရောင်တင်မှုန့်၊ ဆား၊ သကြားတို့ ထည့်မွှေပါ။ လိုအပ်လျှင် ရေအနည်းငယ်ထည့်ပေးပါ။ အဖုံးမအုပ်ပဲ ခရမ်းချဉ်သီးများ ပျော်ပြီး အနှစ်ပျစ်လာအောင် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့်အထိမွှေပေးပါ။ အရသာရှိသော ခရမ်းချဉ်သီး ငါးပိချက်ကို သုံးဆောင်နိုင်ပါပြီ။

Comments