Ingredients
ငှက်ပျောသီးစိမ်း - ၇ လုံး
အာလူး - ၂ လုံး
ဇီယာ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
မုန်ညင်းဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ဆား - သင့်ရုံ
Directions
ငှက်ပျောသီးနှင့် အာလူးကို အခွံခွာပြီး အနေတော်အတုံးလေးများတုံးပါ။

ဒယ်အိုးထဲသို့ဆီထည့်ပြီး အပူပေး၍ ဇီယာစေ့ထည့်ကာ ဆီပူထိုးပါ။ ငှက်ပျောသီးနှင့် အာလူးထည့်ပါ။

မီးမျှင်းမျှင်းတွင် ဆားနှင့် နနွင်းမှုန့်ထည့်၍မွှေပါ။ ရေခွက်တစ်ဝက်ထည့်၍ အဖုံးဖုံးပြီး ငှက်ပျောသီးနှင့် အာလူးနူးသည်အထိချက်ပါ။

ငရုတ်ကောင်းထည့်၍ ကောင်းစွာမွှေပြီး တည်ခင်းနိုင်ပါပြီ။

Comments