Ingredients
ပဲပင်ပေါက် - ၁၀ ကျပ်သား
ပဲတောင့်ရှည် - ၂၅ ကျပ်သား
ကြက်သွန်နီ - ၁ လုံး
ကြက်သွန်ဖြူ - ၂ မြွှာ
ချင်း - အနည်းငယ်
ငရုတ်ရှည်အနီ - ၁ တောင့်
နံနံပင် - အနည်းငယ်
ဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း
နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပဲငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆန်ဝိုင် - စားပွဲတင်ဇွန်း ၁ ဇွန်း
တရုတ်ဗီနီဂါအမည်းရောင် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆား - အနည်းငယ်
ငရုတ်ကောင်းမှုန့် - အနည်းငယ်
Directions
၁။ ကြက်သွန်နီ၊ ကြက်သွန်ဖြူပါးပါးလှီးပါ။ ချင်းကို အချောင်းမျှင်မျှင်လှီးပါ။ ပဲတောင့်ရှည်ကို အရွယ်တော်လှီးထားပါ။ ငရုတ်သီးကို အစေ့ထုတ်ပြီး အရှည်လိုက်လှီးပါ။

၂။ ဒယ်အိုးထဲသို့ဆီထည့်ပြီး မီးအပူပေးပါ။ ဆီကျက်လျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီး ထည့်ကြော်ပါ။ ထိုနောက် ပဲသီးထည့်ကြော်ပါ။ ဆား၊ ပဲငံပြာရည် နှင့် ဆန်ဝိုင်ထည့်ပြီး မိနစ်အနည်းငယ်ခန့် ဆက်ကြော်ပါ။ ပဲပင်ပေါက်ထည့်ပါ။ ၁မိနစ်ခန့်မွှေပြီး ဗီနီဂါထည့်ပါ။ နှမ်းဆီထည့်ပြီးမွှေပါ။ အားလုံးအနေတော်ဖြစ်ပြီဆိုလျှင် ဟင်းပန်းကန်ပြားအတွင်းထည့်၍ နံနံပင်နှင့် ငရုတ်ကောင်းမှုန့် ဖြူးကာ တည်ခင်းပါ။

Comments