Ingredients
Directions
ဘဲသား ၅၀ ကျပ်သား
ငရုတ်ပွ ၅ တောင့်
ဆီ ၁၀ ကျပ်သား
ကြက်သွန်နီ ၁၀ ကျပ်သား
ကြက်သွန်ဖြူ ၅ ဥ
ဘဲသားကို အတုံးကလေးများတုံး၍ ရေစင်စင်ဆေးပါ။ ငံပြာရည် သင့်ရုံခတ်ပါ။
ဆီကို ထည့်ပြီးလျှင် ညက်အောင်ထောင်းထားသော ငရုတ်၊ ကြက်သွန်တို့ကို ဆီသတ်၍ ဘဲသားထည့်လုံးပါ။ အသားထဲမှ အရည်များ ခန်းလျှင် ရေသင့်ရုံထည့်ချက်ပါ။ မဆလာ မကြိုက်ရင် စပါးလင်ကို ပါးပါးလှီး၍ ငရုတ်၊ ကြက်သွန်တို့ဖြင့် ရောထောင်းပြီး ဆီသတ်၍ ချက်လျှင် ကောင်းပါသည်။